Developer/Designer များအကြောင်း အင်တာဗျူးများ

MyanamrDevJobs ရဲ့တစ်ပိုင်းတစ်ဆဖြစ်တဲ့ မြန်မာနိုင်ငံမှ developer/designer များနဲ့
အင်တာဗျူးများကိုဖော်ပြပေးမယ့်နေရာဖြစ်ပါတယ်

Digital Royal Net Solution ရဲ့ Co-Founder & CTO ဖြစ်တဲ့ ကိုမိုးဟိန်းကျော်နှင့် အင်တာဗျူး

Digital Royal Net Solution ရဲ့ Co-Founder & CTO ဖြစ်တဲ့ ကိုမိုးဟိန်းကျော်နှင့် အင်တာဗျူး

? MyanamrDevJobs - မင်္ဂလာပါ အစ်ကိုရေ... အစ်ကိုအကြောင်းလေးအရင်မိတ်ဆက်ပေးပါဦး ( အစ်ကို Programming ကိုစလေ့လာခဲ့တာလေးကောပေါ့ )

? ကိုမိုးဟိန်းကျော် - မင်္ဂလာပါ။ ကျွန်တော့် နာမည် မိုးဟိန်းကျော်ပါ။ ရင်းနှီးတဲ့သူတွေက ဝေယံ လို့ခေါ်ပါတယ်။ Digital Royal Net Solution ရဲ့ Co-Founder & CTO အနေနဲ့ တာဝန်ယူလုပ်ကိုင်နေပါတယ်။ (၆)တန်းကျောင်းသားလောက်မှာ အမေ့ရုံးကိုလိုက်သွားရင်း Computer နဲ့စပြီး ထိတွေ့ဖူးခဲ့၊ ရင်းနှီးခဲ့ပါတယ်။ ဆော့လွန်းလို့ငြိမ်ဆေးကျွေးထားတဲ့ သဘောပါ ?။ နောက်ပိုင်းကျောင်းမှာ Computer ပန်းချီပြိုင်ပွဲတွေဘာတွေရှိရင် ကျွန်တော်က ဟိုစပ်စပ် ဒီစပ်စပ်လုပ်တတ်မှန်းသိတော့ သွားပြိုင်တဲ့ သူငယ်ချင်းတွေကို ကျွန်တော်က ကူရတယ်။ ဆရာကြီးလုပ်ရတာပေါ့ ?။ (ကိုယ့်တော့ တစ်ခါလားပဲ ပြိုင်ခိုင်းတယ် ပြောင်ချော်ချော်လုပ်လွန်းလို့ထင်တယ်။) ဟိုနည်းနည်း ဒီနည်းနည်း သိတာ ဆိုတော့ ဘာမှသာရေရေရာရာ မတတ်တာ၊ ဆယ်တန်းအောင်ခါစ ကတည်းက Programming ဘာမှန်းသိတယ်။ အဲ့ဒီနောက်ပိုင်း IT Diploma တက်ရင်း Programming စလုပ်ဖြစ်ပါတယ်။

အသေးစိတ်ဖတ်ရန်

Freelance Web Developer ကိုနိုင်ဝင်းနှင့်အင်တာဗျူး

Freelance Web Developer ကိုနိုင်ဝင်းနှင့်အင်တာဗျူး

? MyanamrDevJobs - မင်္ဂလာပါ အစ်ကိုရေ... အစ်ကိုအကြောင်းလေးအရင်မိတ်ဆတ်ပေးပါဦး

? ကိုနိုင်ဝင်း - မင်္ဂလာပါ ကျွန်တော့နာမည်ကတော့နိုင်ဝင်းပါ။ ရခိုင်ပြည်နယ် သံတွဲမြို့မှာမွေးပြီး ရန်ကုန်မှာ Web Developer လုပ်နေတဲ့ တောသားတစ်ယောက်ပါ။

အသေးစိတ်ဖတ်ရန်

Freelance web developer ကိုပြည့်စုံငြိမ်း (သို့) ကိုဉာဏ်ဝင်း နှင့် Interview

Freelance web developer ကိုပြည့်စုံငြိမ်း (သို့) ကိုဉာဏ်ဝင်း နှင့် Interview

? MyanamrDevJobs - မင်္ဂလာပါ အစ်ကိုရေ အစ်ကိုအကြောင်းလေးအရင်မိတ်ဆတ်ပေးပါ့လား

? ကိုဉာဏ်ဝင်း - ကျနော့်နာမည်ကတော့ ဉာဏ်ဝင်းလို့ခေါ်ပါတယ်။ တော်တော်များများသိတာကျတော့ ပြည့်စုံငြိမ်းပေါ့ (အဖေပေးထားတဲ့နာမည်)။ကျနော့်ကို ပူတာအိုမြို့မှာမွေးပါတယ်။ယခုလောလောဆယ်တော့ Freelance web developer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေပါတယ်။

အသေးစိတ်ဖတ်ရန်

Senior Web Developer ကိုစည်သူအောင်နှင့် Interview

Senior Web Developer ကိုစည်သူအောင်နှင့် Interview

? MyanamrDevJobs - အစ်ကိုရဲ့ကလေးဘဝနဲ့ဘယ်လိုကြီးပြင်းခဲ့လဲဆိုတာလေးကအရင်စပြောပြပေးပါ့လား?

? ကိုစည်သူအောင် - ကျနော် ကျိုတ်လတ်မြို့ အပိုင်ထဲက စစ်ချောင်းရွာမှာ မွေးတာပါ။ ကျနော့ဘဝမှာ အမှတ်ရစရာတွေက တလွဲတွေလုပ်တာက စရမှာပဲ။ စျေးရောင်းတဲ့ အိမ်ပါဆိုမှ စျေးလာဝယ်တဲ့သူကို သူရဲခြောက်လွတ်တာတို့၊ လူကြီးတွေ စကားဝိုင်းကောင်းနေရင် အမေ့ထမီ နဲ့ သွားခြံုတာတို့ပေါ့။ ကွန်ပျူတာ ပတ်သတ်တာကတော့စကိုင်ဖူးတာက ၉ တန်းလောက်မှ ကိုင်ဖူးတာပါ။

အသေးစိတ်ဖတ်ရန်