Digital Royal Net Solution ရဲ့ Co-Founder & CTO ဖြစ်တဲ့ ကိုမိုးဟိန်းကျော်နှင့် အင်တာဗျူး

Senior Web Developer Ko Sithu Aung

? MyanamrDevJobs - မင်္ဂလာပါ အစ်ကိုရေ... အစ်ကိုအကြောင်းလေးအရင်မိတ်ဆက်ပေးပါဦး ( အစ်ကို Programming ကိုစလေ့လာခဲ့တာလေးကောပေါ့ )

? ကိုမိုးဟိန်းကျော် - မင်္ဂလာပါ။ ကျွန်တော့် နာမည် မိုးဟိန်းကျော်ပါ။ ရင်းနှီးတဲ့သူတွေက ဝေယံ လို့ခေါ်ပါတယ်။ Digital Royal Net Solution ရဲ့ Co-Founder & CTO အနေနဲ့ တာဝန်ယူလုပ်ကိုင်နေပါတယ်။ (၆)တန်းကျောင်းသားလောက်မှာ အမေ့ရုံးကိုလိုက်သွားရင်း Computer နဲ့စပြီး ထိတွေ့ဖူးခဲ့၊ ရင်းနှီးခဲ့ပါတယ်။ ဆော့လွန်းလို့ငြိမ်ဆေးကျွေးထားတဲ့ သဘောပါ ?။ နောက်ပိုင်းကျောင်းမှာ Computer ပန်းချီပြိုင်ပွဲတွေဘာတွေရှိရင် ကျွန်တော်က ဟိုစပ်စပ် ဒီစပ်စပ်လုပ်တတ်မှန်းသိတော့ သွားပြိုင်တဲ့ သူငယ်ချင်းတွေကို ကျွန်တော်က ကူရတယ်။ ဆရာကြီးလုပ်ရတာပေါ့ ?။ (ကိုယ့်တော့ တစ်ခါလားပဲ ပြိုင်ခိုင်းတယ် ပြောင်ချော်ချော်လုပ်လွန်းလို့ထင်တယ်။) ဟိုနည်းနည်း ဒီနည်းနည်း သိတာ ဆိုတော့ ဘာမှသာရေရေရာရာ မတတ်တာ၊ ဆယ်တန်းအောင်ခါစ ကတည်းက Programming ဘာမှန်းသိတယ်။ အဲ့ဒီနောက်ပိုင်း IT Diploma တက်ရင်း Programming စလုပ်ဖြစ်ပါတယ်။

? MyanamrDevJobs - အစ်ကို Programming စလုပ်တုန်းက သင်တန်းတွေဘာတွေတက်လားဗျ။

? ကိုမိုးဟိန်းကျော် - KMD မှာ Diploma တစ်ခုတက်ခဲ့ပါတယ်။ နောက်ပြီး Navistor မှာ PHP Course တစ်ခုတက်ဖူးတယ်။ ကျန်တာတော့ သင်ဆရာထက် မြင်ဆရာ ကြားဆရာ ပိုများပါတယ်။

? MyanamrDevJobs - အစ်ကို အခုချိန်မှာ Programming စလုပ်ခဲ့တဲ့ကိုယ်ကိုယ်ကိုအကြံပေးရမယ်ဆို အဲ့ဒါကဘာဖြစ်မလဲဗျ။

? ကိုမိုးဟိန်းကျော် - ဘယ် Language၊ ဘယ် Paradigm၊ ဘယ် Technology ဆိုတာထက် အခြေခံကျတဲ့ Data Structure၊ Algorithm စတာတွေ ပိုလုပ်ဖြစ်မယ်ထင်တယ်။ နောက်ပြီး စလေ့လာပြီး အရှိန်တစ်ခု ရကတည်းက OOP ရော၊ Functional ရော Paradigm စုံအောင် လေ့လာခဲ့ရင် ပိုကောင်းမယ်။ ဒါက အခုအချိန်ပြန်တွေးတာ။ Domain Specific Knowledge တွေက သိပ်အရေးမကြီးဘူးတော့ မဟုတ်ဘူး။ ဒါပေမယ့် ခြုံငုံကြည့်ရင် အလုပ်က သူ့ဘာသူ သင်သွားတာများတယ်။ Language အနေနဲ့ အကြမ်းဖျဉ်းပြောရင် C, Python နဲ့Lisp က လေ့လာခဲ့သင့်တယ်လို့ထင်တယ်ဗျ။ စစချင်း VB 6.0 လုပ်ဖြစ်ခဲ့တာက တော်တော်ကို ဆိုးတယ်ပြောရမယ်။ Event Driven Model က Productive ဖြစ်တယ်ဆိုပေမယ့် အစပိုင်းမှာ သိသင့်တာတွေ ဘာမှမသိခဲ့ဘူး။

? MyanamrDevJobs - အစ်ကိုမှာ Programming နှင့်ပတ်သတ်လို့ ကိုယ်ပိုင်မှားဖူးတဲ့ အမှား (သို့) ဟာသလေးတစ်ခုလောက်ရှိရင်ကျွန်တော်တို့နဲ့ ပြန် share ပေးပါ့ဦး။

? ကိုမိုးဟိန်းကျော် - အမှားကတော့ ပေါက်ကရလုပ်တာ များလွန်းလို့ မမှတ်မိတာ ခပ်များများ ?။ Programmer စလုပ်ခါစ Automation တွေရေးရတဲ့ အချိန်၊ Sensor တွေ အကြောင်း၊ Device Driver တွေ အကြောင်းကောင်းကောင်း နားမလည်တော့ ကိုးလို့ကန့်လန့်တွေရေးမိတာ။ (ကား Parking က Ticket Dispenser မှာ Ticket က ထွက်လာပြီးမှ ချက်ချင်း ပြန်ဝင်သွားတာမျိုး ? ) နောက် Google Cloud စသုံးတော့ Database နဲ့ Service Instance ကို Region တစ်ခုစီထားမိတာ။ (To be fair, အဲ့အချိန်က Google Cloud UI က တော်တော် ညံ့တယ်ဗျ ?) ခပ်ရှင်းရှင်း Request တစ်ခုကို မကြာဘူးဆို အနည်းဆုံး 5 sec ပဲ။ အဲ့ဒီတုန်းက Spec ခပ်ညံ့ညံ့နဲ့ VPS ပေါ် Deploy ရင်တောင် ကိုယ့် Instance ထက်မြန်နေတယ် ?။

? MyanamrDevJobs - အခုလက်ရှိကိုယ့်ကိုကိုထက်ပိုတော်တဲ့သူဖြစ်အောင် အစ်ကိုအနေနဲ့ဘာတွေလုပ်ချင်လဲဗျ။

? ကိုမိုးဟိန်းကျော် - အပျင်းတစ်တာတွေ၊ Procrastinate လုပ်တာ၊ နေ့ရွေ့ညရွေ့လုပ်တာတွေ ပြင်ရမယ် ?။ လုပ်နေတဲ့ Project တွေကို 90% လောက် Test Coverage ဖြစ်အောင်လုပ်လိုက်ရင်တော့ ပိုတော်တဲ့သူ ဖြစ် မဖြစ်တော့မသိဘူး။ ပိုကောင်းတဲ့သူတော့ဖြစ်လာလိမ့်မယ် ?။ နောက်တာပါ။ လက်ရှိတကယ်စိတ်ဝင်စားပြီး ဟုတ်တိပတ်တိမလုပ်ဖြစ်တာ Data Mining, Data Analytics နဲ့ Machine Learning ဗျ။

? MyanamrDevJobs - နည်းပညာအသစ်တွေကို အစ်ကိုအနေနှင့်အဆတ်မပြတ်အောင်ဘယ်လိုလေ့လာလဲဗျ။

အဆက်မပြတ်အောင် လေ့လာတယ်ဆိုတာထက် ဖြစ်နေ၊သွားနေတဲ့ Trend ကိုပဲ သိအောင်လုပ်ပါတယ်။ တကယ် အသေးစိတ်သိချင်လာရင် Project တစ်ခုလုပ်လိုက်တယ်။ ဒါမှမဟုတ် လက်ရှိ Project တစ်ခုမှာ ထည့်သုံးလိုက်တယ် (အဲ့ဒါမျိုးတော့ ရှားပါတယ်)။ အဲ့ဒါဆို ကိုယ့်ကိုယ်ကို အသေးစိတ်လေ့လာဖို့ Force လုပ်ပြီးသားဖြစ်သွားတယ်။ Docker လိုဟာမျိုးဆို လက်ရှိ Project Deploy လုပ်တဲ့ဆီမှာ ထည့်သုံးဖူးတယ်။ Linux Lxc Container လိုဟာမျိုး ရှိမှန်း၊ အဲ့ဒီပေါ်မှာ အခြေခံမှန်းသိပေမယ့် Lxc ကို အသေးစိတ်အထိ မလေ့လာဖြစ်တော့ဘူး။ Docker အကြောင်းတော့ သိသွားတယ်။ FRP ဆိုရင်လည်း Project ထဲထည့်သုံးမှာပဲ ရေးဖြစ်တဲ့ အချိန်မှပဲ ကိုယ်ဘယ်လောက် သိတယ်၊ မသိသေးဘူး ခံစားလို့ရတယ်။

? MyanamrDevJobs - အခုအစ်ကိုသုံးနေတဲ့ Development Setup (Tools/Tech) အကြောင်းကောပြောပြပေးပါဦး။

Text Editor ကတော့ Sublime နဲ့ Vim ပဲ အဓိကသုံးပါတယ်။ လောလောဆယ် Backend အတွက်ဆိုရင် Laravel နဲ့ NodeJS ကိုပဲ အဓိကသုံးဖြစ်ပါတယ်။ ဒီမှာ Community ရှိတာကို ဦးစားပေး ရွေးချယ်ပါတယ်။ ကိုယ်တစ်ယောက်ထဲနဲ့ အရာအားလုံးပြီးအောင် လုပ်နေလို့မရဘူး။ Frontend အတွက် Angular4 သုံးတယ်။ Webpack သုံးတယ်။ Framework က နောက်ပိုင်းတော့ React သို့မဟုတ် Vue ပြောင်းသုံးဖြစ်မယ် ထင်တယ်။
SOA လိုမျိုးလည်း လုပ်ဖြစ်ပါတယ်။ Product ရဲ့တစ်ချို့ အပိုင်းတွေက Legacy ဖြစ်နေပြီး Refactor လုပ်ဖို့လည်းလိုနေ အချိန်လည်းမရ၊ Feature အသစ်ထပ်ထည့်ဖို့လိုတဲ့ အချိန်မျိုးမှာ Service အသစ်ခွဲရေးလိုက်တာက လောလောဆယ်အတွက် လူပိုသက်သာတယ်။ Maintain လုပ်ရပိုလွယ်ပါတယ်။ နောက်ပြီး ကိစ္စတော်တော်များများကို အတတ်နိုင်ဆုံး Automate လုပ်လို့ရအောင် လုပ်ပါတယ်။ Database Backup ကနေစပြီး Deployment အထိ။

? MyanamrDevJobs - အစ်ကိုအခုလောလောဆယ်ဖတ်နေတဲ့ Programming နှင့်ပါတ်သတ်တဲ့စာအုပ်လေးတွေအကြောင်းကိုလည်းနည်းနည်းလောက်ပြန် share ပါဦး။

ကျွန်တော် ဖတ်ရင် ဟိုတစ်အုပ် နည်းနည်း၊ ဒီတစ်အုပ် နည်းနည်း နဲ့နောက်ဆုံးပြီးအောင် ဖတ်တယ်။ တစ်အုပ်ထဲ စွဲပြီးဖတ်ရတာ အရမ်းပျင်းစရာကောင်းတယ်။ လောလောဆယ် Clojure for the Brave and True ဖတ်နေတယ်။ ရေးထားတာ၊ ထိရောက်တယ်။ ရှင်းလင်းတယ်။ ပေါ့ပေါ့ပါးပါး ဖတ်သွားလို့ရတယ်။ ဒီနှစ်ထဲ Lisp Family ထဲက တစ်ခုခုဖြစ်အောင် လေ့လာဖို့စဉ်းစားထားလို့ဗျ။ SICP လို စာအုပ်မျိုးကျတော့ Theory ဘက် အရမ်းကောင်းပေမယ့် ဖတ်ရင်းနဲ့ အိပ်ငိုက်လာရော။ တခြား Clojure နဲ့Lisp စာအုပ်တွေလည်း ဒီလိုပဲ။ အသေးစိတ်ဖတ်ဖို့ထက် Reference လုပ်ဖို့ပဲ ပိုကောင်းတယ်။
နောက် စာအုပ်တွေကတော့ Tech Related ပေမယ့် Programming နဲ့ တိုက်ရိုက်မသက်ဆိုင်ဘူးဗျ။ Lean Startup။ လူတော်တော်များများ Recommend လုပ်ကြလို့ဗျ။ နောက်တစ်အုပ်က Peter Level ရေးတဲ့ Make Book သူလည်းပေါ့ပေါ့ပါးပါး style ပါပဲ။ (Set Kyar ဖွတာ။ ဆေးထိုးတဲ့ သူကထိုးတော့လည်း ဖတ်ရတာပေါ့ဗျာ ?။ ) Startup တစ်ခုလုပ်တဲ့ အချိန်၊ Product တစ်ခု ထုတ်တဲ့ အချိန်ဖတ်သင့်တဲ့ စာအုပ်တွေပါ။ အမြင်တော်တော်ပြောင်းသွားစေပါတယ်။

? MyanamrDevJobs - အစ်ကိုလေးစားအားကျရတဲ့ Programmer တွေထဲက Top သုံးယောက်လောက်ပြောပြပေးပါ့လား။

Joel Spolsky, DHH နဲ့ ပြည်တွင်းကဆိုရင် ကို Ravi။

? MyanamrDevJobs - Programming မဟုတ်ဘဲတစ်ခြားအစ်ကိုစိတ်ဝင်စားတာလေးတွေ ဝါသနာပါတာလေးတွေရှိလားဗျ။ ရှိရင်ပြောပြပေးပါဦး။

ကျန်တဲ့ Programmer တွေနဲ့အတူတူပဲ ဓာတ်ဖမ်းတာပေါ့ဗျာ။ ပိုက်ဆံကုန်တဲ့ ဝါသနာမို့လို့စိတ်တော်တော် ထိန်းပါတယ် ? ။ နောက်ပြီး ပန်းချီရေး တယ်။ အရမ်းဖြစ်ဖြစ်မြောက်မြောက်ကြီးမဟုတ်ပေမယ့် ရေဆေး တစ်နှစ်လောက် ရေးဖူးပါတယ်။ ပိုက်ဆံမကုန်ပေမယ့် အချိန်အတော်ပေးရတဲ့ ဝါသနာပါ။ အေးအေးဆေးဆေး အချိန်ရမှပဲ လုပ်ဖြစ်ပါတယ်။

? MyanamrDevJobs - အခုမှ Programming စလုပ်တဲ့လူငယ်တွေအတွက် Advice တစ်ခုလောက် Share ပေးပါ့ဦး။

အဲ ကျွန်တော်လည်း လူငယ်ပဲဗျ ?။ ကျွန်တော့်ထက် တော်တဲ့၊ တတ်တဲ့၊ အသက်အားဖြင့် ဝါအားဖြင့် ကြီးတဲ့သူတွေပြောတဲ့ စကားတွေ အများကြီးရှိမှာပါ။ Advice ဆိုတာထက် ကျွန်တော့်အမြင်ပဲ ပြောချင်တယ်။ Trend ကို မမေ့ဖို့နဲ့ကိုယ်ဘာလုပ်နေလဲ ကိုယ်သိဖို့ပဲ ပိုအရေးကြီးပါတယ်။ Forrest Gump အကြောင်း Jack Ma ပြောသလိုပေါ့ဗျာ။ “People think he's dumb but he knows what he is doing”

အခုလိုအင်တာဗျူးဖြေပေးလို့ MyanmarDevJobs မှအထူးကျေးဇူးတင်ပါတယ်ခင်ဗျ ?