Senior Web Developer ကိုစည်သူအောင်နှင့် Interview

Senior Web Developer Ko Sithu Aung

? MyanamrDevJobs - အစ်ကိုရဲ့ကလေးဘဝနဲ့ဘယ်လိုကြီးပြင်းခဲ့လဲဆိုတာလေးကအရင်စပြောပြပေးပါ့လား?

? ကိုစည်သူအောင် - ကျနော် ကျိုတ်လတ်မြို့ အပိုင်ထဲက စစ်ချောင်းရွာမှာ မွေးတာပါ။ ကျနော့ဘဝမှာ အမှတ်ရစရာတွေက တလွဲတွေလုပ်တာက စရမှာပဲ။ စျေးရောင်းတဲ့ အိမ်ပါဆိုမှ စျေးလာဝယ်တဲ့သူကို သူရဲခြောက်လွတ်တာတို့၊ လူကြီးတွေ စကားဝိုင်းကောင်းနေရင် အမေ့ထမီ နဲ့ သွားခြံုတာတို့ပေါ့။ ကွန်ပျူတာ ပတ်သတ်တာကတော့စကိုင်ဖူးတာက ၉ တန်းလောက်မှ ကိုင်ဖူးတာပါ။

? MyanamrDevJobs - အစ်ကိုပထမဆုံး developer လုပ်ဖို့ဖြစ်လာလဲဆိုတာလေးပြောပြပေးပါ့လား?

? ကိုစည်သူအောင် - Graphic designer လုပ်နေတုန်း Technology နဲ့ ရင်းနီးပြီးသား အကိုက Webpage တွေက ဆောက်ရတာ အရမ်းမခက်ဘူး။ Try ကြည့်ပါလားလို့ ပြောလာတယ်။ Graphic Designer ဘဝမှာ high resolution ပံုတွေ သံုးချင်ပါတယ် ဆိုမှ excel ထဲက ပံုတွေကို ကြော်ငြာမှာ သံုးဖို့ လာလာပေးကြတယ်။ ? နောက်တော့ professional လမ်းကြောင်းပြောင်းမယ် ဆိုပြီး လိုက်လေ့လာတော့ ကိုစေတန် ရဲ့ HTML, CSS စာအုပ်တွေ့တယ်။ သဘောကျတယ်။ လိုက်လုပ်ဖြစ်တယ်။ ဟိုယောင်ယောင် ဒီယောင်ယောင်လိုက်လုပ်ရင်း ဂျင်းသင်တန်းလဲ မိဘူးတော့ သင်တန်း မတက်ခင်သေချာ လေ့လာဖြစ်တယ်။ ဆရာ စိုးသီဟနောင် ဖွင့်တဲ့ သင်တန်း (Myanmar Links) တက်ရင်း သေသေချာချာလေး လိုက်လုပ်ဖြစ်တယ်။

? အစ်ကို Developer အဖြစ်စလုပ်ပြီးတော့လွဲခဲ့တာလေးတွေ ဟာသလေးတွေပြောပြပေးပါ့လားဗျ ? ။ ပထမဆုံးအလုပ်အင်တာဗျူးကိုအစ်ကိုဘယ်လိုဖြေခဲ့လဲဆိုတာလေးကိုလည်းပြောပြပေးပါဦး။

? ကိုစည်သူအောင် - ကိုယ့်ကိုယ်ကို သိလှပြီထင်နေတာ သိစရာတွေအများကြီးရှိတာ မသိသေးတဲ့ အချိန်ပေါ့။ မှတ်မှတ်ရရ laravel myanmar meetup လုပ်တော့ ငါဟဲ့ web developer ဆိုပြီး google map pointer ကြည့်ပြီး သွားလိုက်တာ DevLab မှာလုပ်ပါတယ် ဆိုမှ သမိုင်းလမ်းဆံုရောက်သွားလေရဲ့။ First interview ဆိုတေ့လည်း မိန့်မိန့်ကြီးနဲ့ ဖြေတယ်ပေါ့ဗျာ။ ?

? Technical interview တွေဆိုအစ်ကိုဘယ်လိုဖြေလဲဗျ... အခုမှအလုပ်အင်တာဗျူးမယ့်သူတွေအတွက်လေးလည်း အကြံလေးပေးခဲ့ပါဦး ?

? ကိုစည်သူအောင် - ပေါ့ပေါ့ပါးပါးဖြေမယ်။ သိတာကို အရှင်းဆံုး၊ အတိုဆံုးဖြေမယ်။
သိရင် အတိုဆံုး အရှင်းဆံုး၊ မသိရင် မသိဘူးသာ ဖြေပါ။ ?

? အစ်ကိုလို senior developer တစ်ယောက်အနေနဲ့ နည်းပညာအသစ်တွေနဲ့အဆတ်မပြတ်အောင်ဘယ်လိုလေ့လာလဲဗျ...

? ကိုစည်သူအောင် - အများဆံုး twitter ကနေ ကိုယ်နဲ့ သက်ဆိုင်တဲ့ နယ်ပယ်က senior တွေကို follow လုပ်ထားတယ်။ https://news.ycombinator.com/ ဖတ်ဖြစ်တယ်။ medium.com သံုးတယ်။

? Programming မဟုတ်ဘဲတစ်ခြားအစ်ကိုစိတ်ဝင်စားတာလေးတွေ ဝါသနာပါတာလေးတွေရှိလားဗျ... ရှိရင်ပြောပြပေးပါဦး...

? ကိုစည်သူအောင် - သီချင်းနားထောင်တယ်။ ဂီတာတီးတယ်။ beer သောက်တယ်။ ?

? အစ်ကိုစိတ်ဝင်စားတဲ့ Top techonology တစ်ခုခုလောက်ပြန် share ပေးပါဦး...

? ကိုစည်သူအောင် - ကြီးကြီးကျယ်ကျယ်ပြောရရင် AI ပေါ့။ လောလောဆယ်တော့ Javascript lessons တွေလိုက်လုပ်ဖြစ်နေတယ်။

? အစ်ကိုလေးစားအားကျတဲ့ programmer တွေကဘယ်သူတွေလဲဗျ...

? ကိုစည်သူအောင် - Linus Torvalds, Taylor Otwell, JefferyWay ( php စလုပ်တော့ laracasts ကနေ အများဆံုး ရခဲ့တာပါ )

အခုလိုအင်တာဗျူးဖြေပေးလို့ MyanmarDevJobs မှအထူးကျေးဇူးတင်ပါတယ်ခင်ဗျ ?