Freelance web developer ကိုပြည့်စုံငြိမ်း (သို့) ကိုဉာဏ်ဝင်း နှင့် Interview

Senior Web Developer Ko Sithu Aung

? MyanamrDevJobs - မင်္ဂလာပါ အစ်ကိုရေ အစ်ကိုအကြောင်းလေးအရင်မိတ်ဆတ်ပေးပါ့လား

? ကိုဉာဏ်ဝင်း - ကျနော့်နာမည်ကတော့ ဉာဏ်ဝင်းလို့ခေါ်ပါတယ်။ တော်တော်များများသိတာကျတော့ ပြည့်စုံငြိမ်းပေါ့ (အဖေပေးထားတဲ့နာမည်)။ကျနော့်ကို ပူတာအိုမြို့မှာမွေးပါတယ်။ယခုလောလောဆယ်တော့ Freelance web developer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေပါတယ်။

? MyanamrDevJobs - Programming လိုင်းကိုရွေးဖို့အစ်ကိုဘယ်အသက်အရွယ်လောက်မှာဆုံးဖြတ်ဖြစ်လဲဗျ။ ဘယ်သင်တန်းတွေတက်ခဲ့လဲ... နောက်ဂျင်းသင်တန်းတွေဘာတွေကောမိခဲ့သေးလားဗျ :D

? ကိုဉာဏ်ဝင်း - Programming လိုင်းကို ကျနော် အသက် ၂၀ အရွယ်လောက် မှာရွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သင်တန်းကတော့ ကျနော် နှစ်ခုတက်ခဲ့ပါတယ်။ Basic programming course ကို gusto မှာတက်ခဲ့ပြီး Advanced Web deveopment Course ကိုတော့ Myanmar Links မှာတက်ခဲ့ပါတယ်။ သင်တန်းနဲ့ ပတ်သတ်ရင် ကျနော်ကံကောင်းတယ် ဆိုရမလားဘဲဗျ။ ဘာကြောင့်လဲဆိုတော့ တက်ခဲ့တဲ့ သင်တန်းနှစ်ခုလုံးမှာ ကျနော်အမှန်တကယ် လေ့လာဆည်းပူးစရာ ပညာတွေရခဲ့လို့ပါဘဲ။

? MyanamrDevJobs - အစ်ကိုရဲ့အလုပ်လုပ်ပုံ သုံးနေကြ tools တွေ technology တွေ အကြောင်း အနည်းနည်း ပြောပြပါဦး

? ကိုဉာဏ်ဝင်း - Tools တွေဆိုရင် IDE အတွက် sublime text ကိုသုံးပါတယ်။ Development environment အတွက်တော့လောလောဆယ် Valet သုံးနေပါတယ်။ Backend အတွက် Laravel နဲ့ node သုံးပါတယ်။ Frontend အတွက်ဆို Vue, React, Jquery နဲ့ pure js တို့ကို အလျဉ်းသင့်သလိုသုံးပါတယ်။

? MyanamrDevJobs - အခုထက်ပိုကောင်းတဲ့ programmer တစ်ယောက်ဖြစ်အောင် အစ်ကို ဘာတွေ လုပ်ချင်လဲဆိုတာလေးလည်းပြောပြပေးပါဦး

? ကိုဉာဏ်ဝင်း - အခုထက်ပိုကောင်းတဲ့ programmer တစ်ယောက်ဖြစ်အောင် ကျနော့်အနေနဲ့ ခက်ခဲတဲ့ algorithm တွေလေ့လာချင်တယ်, Language တစ်ခုသို့မဟုတ် framework တစ်ခုကို အစအဆုံးရေးဖို့ကြိုးစားသွားချင်တယ်

? MyanamrDevJobs - အစ်ကိုအနေနဲ့ပြောင်းလဲနေတဲ့ နည်းပညာအသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလေ့လာလဲဆိုတာလေးကော sharing လုပ်ပေးပါဦး

? ကိုဉာဏ်ဝင်း - အဓိကတော့ twitter မှာ trend ဖြစ်တာလေးတွေလိုက်လုပ်ကြည့်တယ် ပြီးရင်ကျနော်စာအုပ်တွေဖတ်ဖြစ်တယ် tutorial တွေလို်က်လုပ်ကြည့်တယ်။ တွေးရတာလဲသဘောကျတော့ နည်းပညာအသစ်တွေအကြောင်း နားမလည်လိုက်တာမျိုးဆို မအိပ်ခင် အချိန်ခဏပေးပြီးတွေးကြည့်တယ်။ ပြောင်းလဲနေတဲ့ နည်းပညာနဲ့ အလှမ်းမဝေးအောင် နည်းပညာအသစ်တွေလေ့လာဖို့ တစ်နေ့တာရဲ့ ရသလောက်အချိန်လေးကို ပေးဖြစ်တယ်ပေါ့။

? MyanamrDevJobs - အခုတစ်လောဖတ်ဖြစ်တဲ့ Programming စာအုပ်တွေ... နောက်ပိုင်းဖတ်ချင်တဲ့စာအုပ်တွေအကြောင်းလည်းနည်းနည်းပြောပြပေးပါ့လားဗျ...

? ကိုဉာဏ်ဝင်း - အခုတလောဖတ်ဖြစ်နေတာကတော့ you dont know js ရယ် fullstackreact ဆိုတဲ့ စာအုပ်လေး၂အုပ်ဗျ။ you dont know js ကိုတော့ ကျနော် တော်တော်လေး recommend ပေးပါတယ်။ javascript ရဲ့ အခြေခံမှစပြီး syntax ဘယ်လို် parse လုပ်တယ်။ transpiling , polyfill ဘယ်လိုရေးတယ်ကအစ ပါ ပါတယ်။

? MyanamrDevJobs - အစ်ကိုစိတ်ဝင်စားတဲ့ Top techonology တစ်ခုခုလောက်ပြန် share ပေးပါဦး...

? ကိုဉာဏ်ဝင်း - လောလောဆည်တော့ Go lang နဲ့ React Native နဲ့ Reactive programming ပေါ့။

? MyanamrDevJobs - အခုမှ Programmer စလုပ်မယ့်သူတွေ... အခုလက်ရှိလုပ်နေတဲ့သူတွေအတွက် အစ်ကိုအတွေ့အကြုံထဲက share ဖို့အကောင်းဆုံးထင်တဲ့ အကြောင်းအရာလေးတစ်ခုလောက် share ပေးပါ့လား

? ကိုဉာဏ်ဝင်း - ကျနော့်အတွေ့အကြုံအရပြောရရင်တော့ နည်းပညာအသစ်တစ်ခုလေ့လာရမှာ မကြောက်ပါနဲ့။ တွေးရမှာ မကြောက်ပါနဲ့ပေါ့။ ကုဒ်များများရေးပါပြီးရင် open source ကုဒ်တွေနာနာဖတ်ပါလို့ အကြံပေးချင်ပါတယ်။ ကုဒ်ရေးတိုင်းလည်း စေတနာပါပါနဲ့ သူများနားလည်အောင်ရေးပါပေါ့ ။ အဲ့လိုရေးတာက ကိုယ့် coding skill ကိုပါ improve ဖြစ်စေပါတယ်။

? MyanamrDevJobs - အစ်ကိုလေးစားအားကျတဲ့ programmer သုံးယောက်လောက်ပြောပြပေးပါ့လား

? ကိုဉာဏ်ဝင်း - Taylor Otwell, TJ Holowaychuk နဲ့ Dan Abramov ပါ။

? MyanamrDevJobs - အစ်ကိုဒီ Programming life မှာကြုံတွေ့ရတဲ့ ကိုယ်တိုင်ကိုယ်တွေ့ဟာသလေးတစ်ခုလောက် share ပေးပါ့လား...

? ကိုဉာဏ်ဝင်း - အမှတ်ရနေတာကတော့ Hackthon ပြိုင်တုန်းက git merge မလုပ်တတ်လို့ github repo နောက်တစ်ခုဆောက်ပြီး ကုဒ်အသစ်တွေ တင်လိုက်ရတာပါဘဲ။ ပြန်တွေးကြည့်တိုင်း ပြုံးမိပါတယ်။

? MyanamrDevJobs - Programming မဟုတ်ဘဲတစ်ခြားအစ်ကိုစိတ်ဝင်စားတာလေးတွေ ဝါသနာပါတာလေးတွေရှိလားဗျ... ရှိရင်ပြောပြပေးပါဦး...

? ကိုဉာဏ်ဝင်း - ဘောလုံးကန်ရတာကြိုက်တယ် ဒါပေမယ့် ရန်ကုန်ရောက်တည်းက မကန်ဖြစ်တော့ဘူး, အားရင် Dota ဆော့ဖြစ်တယ်, ပြီးရင် ပင်လယ်တွေမှာ ရေကူးရတာဝါသနာပါတယ် ။

အခုလိုအင်တာဗျူးဖြေပေးလို့ MyanmarDevJobs မှအထူးကျေးဇူးတင်ပါတယ်ခင်ဗျ ?