Posted On : 6 years ago | 1621 total views, 1 today

Full Stack Developer

 Thin Jin Deh .     N/A .   Full Time .     Salary - 300,000 – 500,000
  
Job Description
သင်ချင်တယ် (Thin-Jin-Deh) သည် မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ရိုးများနှင့် ပညာရေးအဖွဲ့အစည်းများအစည်းများကို ပိုမိုလက်လှမ်းမှီစေရန် ရည်ရွယ်ဖန်တီးထားသော ပညာရေးဆိုင်ရာ နည်းပညာတစ်ခုဖြစ်သည်။

ကျွန်ုပ်တို့အနေဖြင့် ပညာရေးကို အားလုံးပိုမိုလက်လှမ်းမှီလာရေးအပြင် မှန်ကန်သင့်လျော်သော သင်ရိုးညွှန်းတန်း/သင်ခန်းစာများကို ကျောင်းသား၊ ကျောင်းသူများနှင့် ချိတ်ဆက်ပေးလိုပါသည်။

လုပ်ငန်းတာဝန်သတ်မှတ်ချက်များ

အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများကို အလုပ်ခန့်အပ်လိုပါသည်။

သုံးစွဲသူအတွက် လုပ်ဆောင်ချက်များဝန်ဆောင်မှုပေးနိုင်မည့် Progressive Web App တစ်ခုဖန်တီးရာတွင် ပံ့ပိုးကူညီနိုင်ရန် စွယ်စုံရ Full Stack Developer တစ်ဦးကို ကျွန်ုပ်တို့ရှာနေပါသည်။ စွယ်စုံရဆိုသည့်အတိုင်း ထိုသူသည် ဆော့ဖ်ဝဲလ်တစ်ခုဖန်တီးရာတွင် ပါဝင်မည့် အဆင့်တိုင်းကို သိရှိနားလည်သူတစ်ဦးဖြစ်ရပါမည်။

အက်ပလီကေးရှင်းကို အစောပိုင်းသုံးစွဲသူများ ကျေနပ်လောက်သည့် လုပ်ဆောင်ချက်များနှင့် ၎င်းတို့၏ တုံ့ပြန်ချက်များအပေါ်မူတည်၍ အဆင့်ထပ်မံမြှင့်တင်သည့် MVP လုပ်ငန်းစဉ်တွင် CEO နှင့် အတူတကွတွဲဖက်ဆောင်ရွက်ရမည်။

Full Stack Developer တွင်ရှိရမည့် အတတ်ပညာပိုင်းကျွမ်းကျင်မှုများ -

- PWA တည်ဆောက်ရန် အစအဆုံး ဒီဇိုင်းရေးဆွဲရမည်။
- အက်ပလီကေးရှင်း၏ အရည်အသွေးကို ထိန်းသိမ်းခြင်းနှင့် တုံ့ပြန်နိုင်စွမ်းရှိခြင်းတို့ အသေအချာရှိရမည်။
- ဒီဇိုင်းရွေးဆွဲခြင်း နှင့် အသွင်အပြင်အသစ်များဖန်တီးခြင်းတို့ကို အဖွဲ့အစည်းနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်။
- Graphic Designerများနှင့် တွဲဖက်လုပ်ကိုင်ဖူးခြင်းနှင့် ဒီဇိုင်းစိတ်ကူးများကို ပုံအဖြစ်အသွင်ပြောင်းနိုင်သည့် အတွေ့အကြုံများရှိရမည်။
- လုံခြုံရေးနှင့် အချက်အလက်ထိန်းသိမ်းကာကွယ်ရေးကို နားလည်ပြီးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရမည်။
- အနည်းဆုံး Back-end Programming ဘာသာစကား တစ်မျိုးတွင် အတွေ့အကြုံအမြောက်အမြားရှိရမည်။ (ဥပမာ - PHP, Python, Ruby, Java, .NET, JavaScript အစရှိသည်)
- Front-end Frameworkအလုပ် တစ်ခုတွင် အတွေ့အကြုံအလုံအလောက်ရှိရမည် (ဥပမာ - Advanced JavaScript libraries နှင့် Frameworks များဖြစ်သည့် AngularJS, KnockoutJS, BackboneJS, ReactJS, DurandalJS အစရှိသည်)
- ဖုန်းနှင့် ကွန်ပျူတာနှစ်ခုစလုံးအတွက် ဖန်တီးနိုင်သည့် အတွေ့အကြုံရှိရမည်
- Cloud Message API များနှင့် Push Notification များအသုံးပြုသည့် အတွေ့အကြုံရှိရမည်
- Git, Mercurial သို့မဟုတ် SVN အစရှိသည့် ကုဒ်ဗားရှင်းဖန်တီးသည့် ကိရိယာများ (Code Versioning Tools) နှင့် ပတ်သက်သည့် အတွေ့အကြုံရှိရမည် 
Office location
Remote
Apply for this position
သင့်၏ CV ဖောင်မိတ္တူကို အောက်ပါ Email လိပ်စာ  [email protected] သို့ ပေးပို့လျောက်ထားနိုင်ပါသည်။
အောက်ပါ ဖုန်းနံပါတ်သို့လည်း ဆက်သွယ်နိုင်ပါသည်။ 0976 465 4190 
Share with friends

1621 total views, 1 today