Five Places to Look for Website Design Inspiration


.

Designer ဆိုတာကတော့နေရင်းထိုင်ရင်းနှင့် idea ရသလိုတစ်ခါတစ်လေ ၃ , ၄ရက် တောင်မှဘာမှ idea မရတတ်ပါဘူးကျွန်တော့် အမြင်ပေါ့လေအဲ့လိုအချိန်ကျရင် idea ထွက် ဖို့ inspiration ရတဲ့နေရာကိုသွားရတယ် ။ နော် designer ဆိုတာက အမြဲတမ်း latest trend တွေကိုလည်း သိထားလိုက်နိုင်မှ တော်ကာကျတယ် ၊ design trend ကလည်း ၁နှစ်နှင့်၁နှစ် မတူသလို အရောင်အတွဲအစပ်တွေကလည်းအမြဲပြောင်းနေတာ။ Trend တွေဘယ်လိုပြောင်းနေတယ်ဆိုတာသိဖို့ကျွန်တော်အမြဲသုံးတဲ့ website တွေကိုဖော်ပြပေးလိုက်ပါတယ်။

1 / awwwards.com

သူကတော့ Frontend Designer အတွက်ကော UI designer အတွက်ပါအဆင်ပြေတဲ့ website ပါ cool transition တွေ effect တွေသိချင်ရင်သွားကြည့်ပါတယ် ကိုယ့်website ကိုလည်း submit လုပ် ပြီး effect တွေ design တွေပြိုင်နိုင်ပါသေးတယ် submit လုပ် ထားတဲ့ website တွေကိုလည်း voting ပေးလို့ရပါတယ် သူ့မှာရှိတဲ့ blog ကိုလည်းဖတ်သင့်ပါတယ် သူရဲ့ search panel ကလည်း အတော်ကောင်းပြီး တော်တော်လေးအသေးစိတ်ကျပါတယ် color အလိုက် ရှာမလား theme အလိုက် ရှာမလားဘဲ။ Search ကတော့ကျွန်တော်အကြိုက်ဆုံးအပိုင်းပေါ့။

2 / abduzeedo.com

သူက တော့ all kinds of creative design field အကုန် ရှိပါတယ် creative field မှာ နာမည် ကြီး website တခုပါ အထူးသဖြင့် ကျွန်တော်ကတော့ logo collection တွေ branding တွေ photo manipulation , photo gallery တွေအတော်ကြိုက်ပါတယ် inspiration အတွက်သွားသင့်တဲ့ website ပါပဲ။

3 / behance.com

Behance က တော့ designer တိုင်းလိုလိုသိတဲ့ဆရာကြီးပါပဲ design နဲ့ပါတ် သတ် တာမှန်သမျှအကုန်ရှိပါတယ် ဒါပေမယ့်သူက Account ဖွင့်ထားရင် ကိုယ် follow ထားတာကိုပဲ ခဏခဏပြနေတာ နေ့တိုင်းသုံးတတ်တဲ့ ကျွန်တော့်အတွက်တော့သိပ်အဆင်မပြေပါဘူး… ရှာလို့တော့ရပါတယ် but project တွေကထပ်နေတယ်။ ကျန်တာကတော့အကုန်မိုက်ပါတယ် Behance မှာကျွန်တော်အကြိုက် ဆုံးကတော့ designer တွေရဲ့ project presentation တွေပါပဲ။

4 / uplabs.com

Uplabs ကတော့အခုနောက်ပိုင်း အမည်ရလာတဲ့ ui/ux အတွက်အဓိကထားတဲ့ website ပါ။ သူ့ကသုံးလိုကာင်းပါတယ် daily အလိုက် update တွေအများကြီးရှိတယ် အပါတ် တိုင်း Ui challenge တွေ redesign challenge တွေရှိတယ်။ အဲ့ဒီ့ Challenge အပိုင်းကတော့ ကျွန်တော်အကြိုက် ဆုံးအပိုင်းပါ တစ်ခါတစ်လေအားနေရင် ဘာလုပ် ရမှန်းမသိရင် အဲ့ဒီ့က challenge ကို သွားကြည့် deign ထိုင်ဆွဲနေတာလည်း skill တတ်သလိုစိတ်ဝင်စားဖို့လည်း အတော်ကောင်းပါတယ်။

5 / pinterest.com

နောက်ဆုံးကတော့ Pinterest ပါ။လိုချင်တဲ့ design အကုန်ရှိတယ် design မှန်သမျှအကုန်ရှိတယ်စာဖတ်စရာသိပ်မလိုဘူး ပုံနှင့်ပါတ်သတ်တာမှန်သမျှအကုန်ရှိတယ် ကျွန်တော်အကြိုက်ဆုံးက daily update တွေအများကြီးတတ်တယ် သူများ design တွေကြိုက်ရင် pin လုပ် လိုရတယ် board လုပ် ထားလို့ရတယ်။

နောက် ပိုင်း Inspirationရမယ် website တွေများပေမယ်လည်း တကယ်သုံးလိုကောင်းပြီး အမြဲ update ဖြစ်နိုင်တဲ့ website ဆိုတာကတော့ရှားပါတယ် အခုဖော်ပြပေးတာကတော့ သုံးလိုကောင်းပြီး တကယ် update ဖြစ် တဲ့ website တွေပါပဲ။