Coding Challenge ဖြေဖို့အကောင်းဆုံး Websites များ


.

Developer တစ်ယောက်ဖြစ်လာပြီဆိုလျှင် Coding Challenge တွေကို Practice လုပ်တာကလည်းတစ်စိတ်တစ်ပိုင်းအနေနှင့်အရေးကြီးပါတယ်။ ဘာလို့လည်းဆိုလျှင် အနည်းဆုံး အင်တာဗျူးသွားရင် Coding Challenge တွေမေးမယ်… Coding Challenge တွေထဲကကိုယ်မသိတဲ့ Language Feature တွေသိလာမယ်… ဒါကြောင့်မလို့ Coding challenge တွေကအရေးကြီးတယ်လို့ထင်ပါတယ်။

ကျွန်တော်တို့ MyanamrDevJobs မှာအလုပ်လာရှာတဲ့ Developer တွေအနေနှင့်လည်းမိမိတို့ Skill တွေတက်လာအောင် Coding Challenge တွေဖြေနိုင်ဖို့ရာအတွက် အကောင်းဆုံး Coding Challenge Website တွေကိုဖော်ပြပေးလိုက်ပါတယ်…

1. Codewars

Codewars မှာ Coding Challenge တွေဖြေရတာ တော်တော်လေးပျော်ဖို့ကောင်းပါတယ်။ ကိုယ့် Level နှင့်ညီတဲ့ Coding Challenge တွေကိုရွေးဖြေတာကအစ ကိုယ့်အဖြေကို Submit လုပ်လိုက်တာနှင့်တစ်ခြားလူတွေရဲ့ Answer တွေကိုကြည့်ပြီးလေ့လာရတာမျိုးပေါ့… ဒါကြောင့်မလို့ Codewars ကိုနံပါတယ်တစ်ပါ။

2. HackerRank

HackerRank မှာကတော့ နည်းနည်း advance ကျပါတယ်။ အခြေခံ Coding Challenge တွေကနေပြီးတော့ Algorithms, Mathematics, SQL, Functional Programming အစရှိတဲ့ different areas တွေလေ့လာနိုင်ပါတယ်။ သူရဲ့ထူးခြားချက်ကတော့ Company တွေက sponsor coding challenge ဖြေပြီးတော့အလုပ်လျောက်နိုင်တာပါဘဲ။

3. Coderbyte

Coderbyte ကတော့ Company ကြီးတွေဖြစ်တဲ့ Google, Facebook, Twitter, Microsoft တွေမှာ Interview မဖြေခင် Preparation လုပ်ဖို့နာမည်ကြီးတဲ့ Website တစ်ခုဘဲဖြစ်ပါတယ်။ Company ကြီးတွေမှာအမေးများတဲ့ Questions တွေကို Company အလိုက်ခွဲပြီးဖြေလို့ရတာကတော့ Coderbyte ရဲ့ထူးခြားချက်ပါဘဲ။

4. CodinGame

CodingGame ကတော့ Coding Challenge ဖြေရင်း Game ကစားတာပါဘဲ။ Game လဲကစားချင်တယ် Coding Challenge လည်းဖြေချင်တယ်ဆိုတဲ့သူတွေအတွက် အဆင်ပြေပါလိမ့်မယ်။

5. Project Euler

Project Euler ရဲ့ UI ကတော့အရမ်းရှင်းပါတယ်။ Project Euler ရဲ့ Challenge တွေက Mathematics problems တွေနှင့်ဖြစ်ပြီးတော့ Programming Language များစွာကို Support ပေးထားပါတယ် နောက် Website ရဲ့ UI က Very Smiple ဖြစ်တာကြောင့်မလို့ Register လုပ်ပြီးတာနှင့် Coding Challenge စရဖို့ပါဘဲ။