Wes Bos

Senior Web Developer Ko Sithu Aung

ကျွန်တော်တို့ ဒီနေ့ Developer တွေ Inspire ဖြစ်စေမယ့် Developer တစ်ယောက်ဖြစ်တဲ့ Wes Bos အကြောင်းကိုဖော်ပြပေးမှာဖြစ်ပါတယ်။

Wes Bos ဟာ full stack web developer, designer တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ အရမ်းကောင်းတဲ့ video courses တွေကြောင့်လူသိများလာခဲ့ပါတယ်။

Wes Bos ဟာ သင်ခန်းစာတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်တဲ့ JavaScript Developer တစ်ယောက်ပါ။ သူ့ရဲ့ courses တွေဟာ paid version တွေပါသလို free version တွေလည်းပါပါတယ်။ FREE version ဆိုပေမယ့်လည်း GitHub repo တွေ starting point တွေလုပ်ထားပေးလို့သပ်သပ်ရပ်ရပ်နဲ့ အဆင်ပြေပါတယ်။

  1. ES6 for Everyone
  2. React For Beginners
  3. JavaScript30 ( FREE )
  4. Learn Node
  5. Sublime Text Power User
  6. What The Flexbox?! ( FREE )
  7. Command Line Power User (FREE)
  8. Learn Redux ( FREE )
  9. Mastering Markdown ( FREE )

Paid version တွေကို မြန်မာနိုင်ငံအတွက် 52% လျော့ထားပေးပါတယ်။ သူငယ်ချင်း 5/10 ယောက်လောက်နဲ့ ထပ်ပေါင်းဝယ်မယ်ဆို စျေးမကြီးတော့ပါဘူး။ ;)

သူ JavaScript ကို သင်ရတာ အရမ်းခက်ခဲပြီး နားလည်လာပါ့မလားလို့တောင်တွေးဖူးပါတယ်တဲ့။ ပြန်တွေးမိတာက gym ကို စသွားတော့ body အရမ်းကြည့်ကောင်းတဲ့ သူကို မေးကြည့်တာ ကစားနေတာ 10+ years ရှိနေပြီလို့သိလိုက်တာပါပဲ။

Wes Bos က React ကိုသင်ရတာ နေ့လယ် တစ်ပိုင်းလောက်နဲ့တင်သင်လို့တတ်ပါတယ်လို့ပြောထားပါတယ်။ ဒါပေမယ့် တော်တော်များများက သင်ရတာ ခက်ခဲတယ်လို့ပြောကြတယ်။ ဘယ်လိုထင်လဲလို့မေးတော့ React ကို သင်ရတာခက်တယ်ဆိုတာ JavaScript ကို ကောင်းကောင်းမသိလို့ပါတဲ့။

2012 တုန်းက Google မှာ interview ဖြေပြီး အလုပ်မရတဲ့နောက်ပိုင်း အခု computer science algorithms တွေကို လေ့ကျင့်ခဲ့ပါတယ်။

Web Bos ရဲ့ Website နှင့် Social Media ကိုအောက်ဖော်ပြပါ link မှာကြည့်နိုင်ပါတယ်။

http://wesbos.com/ / https://twitter.com/wesbos