Junior Developer တစ်ယောက်အနေနှင့် ကိုယ့်ကိုကိုယ်ဘယ်လို Improve လုပ်မလဲဆိုတဲ့ Tips များ

Senior Web Developer Ko Sithu Aung

ဒီနေ့ဖော်ပြပေးမယ့် article ကတော့ Junior Developer တွေအနေနှင့် ကိုယ့်ကိုကိုဘယ်လို improve လုပ်ရမလဲဆိုတဲ့ Tips လေးတွေကိုဖော်ပြပေးမှာဘဲဖြစ်ပါတယ်။

မေးပါ သို့ပေမယ့် အရမ်းမမေးပါနှင့်

ပထမဆုံးပေးချင်တဲ့ Tips ကတော့ ကိုယ်က Junior Developer အဖြစ်အလုပ်လုပ်ပြီဆိုတာနဲ့ သိုမဟုတ် ကိုယ်သိချင်တာတွေအတွက်စမ်းတဲ့အချိန်မှာ error တွေတက်လာမှာဖြစ်ပါတယ်။ အဲ့လို error တွေတက်တိုင်းမျာ senior developer တွေကိုမေးပါ။ သို့ပေမယ့် ကျွန်တော့်မှာ x ဆိုတဲ့ error တက်နေတယ် အဲ့ဒါရှင်းပေးပါဆိုပြီးတော့တော့မမေးမိပါစေနှင့်။ တကယ်မေးကမှာက ကျွန်တော်လုပ်ချင်တာကဒီလို... ကျွန်တော်ကဒါကိုသုံးထားပြီးလုပ်တာ... ကျွန်တော့်ကုဒ်နမူနာကဒီလို... ကျွန်တော်ဘယ်လိုရှင်းဖို့ရှာကြည့်တယ်... အဲ့ဒါအဆင်မပြေလို့ ဘယ်လိုရှာရင်အဆင်ပြေမလဲဆိုပြီးမေးရပါ့မယ်။ အဲ့လိုမဟုတ်ဘဲ အစ်ကို/မ ကျွန်တော့် error လေးတက်နေလို့ရှင်းပေးပါဦးဆို တစ်ခေါက်တစ်ခါတော့ရှင်းပေးမှာပေါ့ သို့ပေမယ့် ခဏခဏအဲ့ဒါမျိုးမေးရင်တော့ senior တွေကဖြေချင်မှာမဟုတ်ပါဘူး။

အဆက်မပြတ် ကိုယ့်ကိုကိုယ် improve လုပ်နေပါ

ကိုယ်မလုပ်တက်တာတွေရှိရင် လေ့လာနေပါ။ လေ့လာတဲ့နေရာမှာလည်း ဒီနေ့အများကြီးလုပ်နေပြီးနောက်နေ့ရပ်ပလိုက်တာမျိုးတော့မလုပ်နှင့်ပေါ့ ပုံမှန်လေးဘဲလေ့လာပါ။

Documencation တွေကိုသေချာဖတ်ပါ

Junior Developer တော်တော်များများက Documentation မဖတ်ဘဲ tutorials တွေဘဲလိုက်လုပ်နေတယ်။ အဲ့လိုမျိုးဆိုသေချာမတက်ဘူး (ကျန်တဲ့သူတွေတော့မသိကျွန်တော်တော့အဲ့လိုခံစားရတယ်)။ တကယ်တက်ချင်ရင် Documencation ကိုသေချာနားလည်အောင်အချိန်ပေးဖတ်ပါ။

ကိုယ်ပိုင် Project လေးတွေစမ်းရေးနေပါ

ကိုယ်ရဲ့ skill ကိုကိုယ် improve လုပ်ချင်ရင် ကိုယ်ပိုင် projects လေးတွေကိုလိုက်ပြီးစမ်းရေးနေပါ။ ကိုယ်ပိုင် project လုပ်မှပြဿနာလေးတွေပေါ်လာမယ်... တစ်နည်းအားဖြင့်အတွေ့အကြုံလေးတွေရနေပါလိမ့်မယ်။ ကိုယ်ဘာလေ့လာသင့်လဲဆိုတာတွေသိလာပါလိမ့်မယ်။

အလုပ်နှင့်ဆိုင်တဲ့ စာဖတ်ပါ

နောက်ဆုံးပြောချင်တာကတော့ စာဖတ်ပါ။ တစ်လမှာတစ်အုပ်မဖတ်နိုင်ရင်တောင် နှစ်လမှာတစ်အုပ်လောက်တော့ဖတ်ပါ။ တော်တော်များများကစာမဖတ်ကြပါဘူး။ တစ်နှစ်ကိုခြောက်အုပ်လောက်ဖတ်ဖြစ်ရင်တောင် သုံးနှစ်လောက်နေရင်ကိုယ်က စာမဖတ်တဲ့သူတွေနှင့်ယှဥ်ရင် အတော်လေးကိုရှေ့ရောက်နေပါလိမ့်မယ်။