How to prepare for coding Interview

Senior Web Developer Ko Sithu Aung

ကျွန်တော်တို့ဒီနေ့ရေးသားမယ့် Coding Interview Preparation က Junior Level Developer စလုပ်မယ့်သူတွေအတွက်ဖြစ်ပါတယ်။

Coding Interview လို့ပြောလိုက်တာနဲ့ တော်တော်များများကလန့်သွားတက်ကြပါတယ်။ ကျွန်တော်တို့ဆီမှာတော့ များသောအားဖြင့် Coding Interview က Computer ပေးတယ်... Google လုပ်လို့ရတယ်ဆိုပြီး problem 5 ခု 10 ခုလောက်ရှင်းခိုင်းတာပါ။ တစ်ချို့ကလည်း basic project assignment ပေးလိုက်ပြီးကြည့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ Google, Facebook, Amazon တို့ကတော့ white board interview တွေပါတယ်။ Algoritham တွေမေးတယ်...။

Coding Interview ဖြေနိုင်ဖို့အရေးအကြီးဆုံးက Practice လုပ်နေဖို့ပါဘဲ။ Practice လုပ်ဖို့အကောင်းဆုံး site တွေကတော့ hackerrank,leetcode တို့ကတော့လူသိအများဆုံး site တွေဘဲဖြစ်ပါတယ်။ တကယ်လို့ hackerrank တို့ leetcode တို့မှာသိပ်အဆင်မပြေဘူးဆို codewars.com ကနည်းနည်းပိုလွယ်တယ်လို့ထင်ပါတယ်။

အထက်ဖော်ပြပါ website တွေက problem sets တွေကိုကြိုးစားပြီးဖြေကြည့်ပါ။ ဒီ website တွေကနေ practice လုပ်တဲ့နေရာမှာတစ်ချို့ problem set တွေကအရမ်းလွယ်ပါလိမ့်မယ်... အဲ့လိုဘဲတစ်ချို့ problem set တွေကအနည်းငယ်ခက်ပါလိမ့်မယ်။ အဲ့ဒါကြောင့် problem sets တွေကိုရှင်းတဲ့နေရာမှာအမြဲတမ်းလွယ်တာတွေကိုဘဲလိုက်မရှင်းပါနှင့် ကိုယ့်အတွက် challenge ဖြစ်တဲ့ problem sets လေးတွေကိုဘဲရှင်းပါ။ အဲ့လိုမျိုး problem sets တွေကိုရှင်းရင်းနဲ့ ကိုယ်ရှင်းထားတဲ့ problem ကိုတစ်ခြားလူရှင်းတော့ ကိုယ်မသိတာတွေနှင့်ရှင်းသွားလိုက်ရင် ဒါကိုလိုက်ပြီးကိုယ်ကလေ့လာလို့ရတယ်။ ဒါကြောင့်များများ practice လုပ်ပြီး coding interview တွေအတွက်ပြင်ဆင်ထားလိုက်ပါ။