Developer တွေလစာဘယ်လောက်ရသလဲ?

Senior Web Developer Ko Sithu Aung

Developer တွေလစာဘယ်လောက်ရသလဲ?

မြန်မာနိုင်ငံက Developer တွေလစာဘယ်လောက်ရလဲဆိုတာသိဖို့ MyanamrDevJobs က Survey ကောက်လိုက်တာ စုစုပေါင်းအယောက် ၆၆ လောက် survey ဖြေပါတယ်။

MyanmarDevJobs ရဲ့ Survey အရ Developer တစ်ယောက်က 48 သိန်းကအများဆုံးဖြစ်ပြီးတော့ ၂၀ သိန်းကတော့ ဒုတိယ အများဆုံး နှင့် နိုင်ငံခြား Company မှာအလုပ်လုပ်နေတာဖြစ်ပါတယ်။ လစာအနည်းဆုံးကတော့ 100,000 MMK (1 သိန်း) ဖြစ်ပြီးတော့ ဒုတိယလစာအနည်းဆုံးကတော့ 120,000 MMK (1 သိန်း နှစ်သောင်း) ရတဲ့ Developer ဘဲဖြစ်ပါတယ်။ 34% သော Developer တွေကအတွေ့အကြုံတစ်နှစ်ဘဲရှိတဲ့ Junior Developer တွေဖြစ်ပါတယ်။ လက်ရှိ survey အရအတွေ့အကြုံ 8 နှစ်နဲ့အလုပ်လုပ်နေတဲ့သူက Experience အများဆုံးပါဘဲ။ Survey အရနိုင်ငံခြား Company မှာအလုပ်လုပ်နေတဲ့ Developer % က 40% ရှိပြီးတော့ Local ကတော့ 60% ရှိပါတယ်။

အထက်ဖော်ပြပါအချက်အလက်တွေကတော့ Survay ဖြေဆိုတဲ့အချက်ပေါ်မူတည်ပြီးရေးသားထားခြင်းဖြစ်ပါတယ်။ MyanamrDevJobs 2018 Survey ကို January လောက်မှာတစ်ကြိမ်ထက်ကောက်ပြီးတော့ Salary Calculator လုပ်ပါ့မယ်။ 2018 မှာအခုထက်ပိုမိုပြည့်စုံတဲ့ Survey တစ်ခုကောက်ပြီး ပိုမိုစုံလင်စွာဖော်ပြပေးပါမယ်။