Addy osmani

Senior Web Developer Ko Sithu Aung

Addy Osmani ဟာ အခုဆိုရင် Google ရဲ့ Chrome team မှာ Engineering manager အဖြစ် အလုပ်လုပ်နေသူ တစ်ယောက်ပါ။ Yeah Google :smile:

Yeoman, TodoMVC, Material Design Lite, Web Starter Kit နှင့် တခြား library တော်တော်များများကိုလည်း ရေးခဲ့ပါတယ်။

React, Angular, Ember and Webpack projects တွေကို contribute လုပ်နေခဲ့ပြီး Progressive Web Apps နဲ့ တခြား libraries ကိုလည်း အားစိုက်လုပ်နေခဲ့ပါသေးတယ်။

Before joining to google.

Javascript community မှာ တော်တော် active ဖြစ်ဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ Blog တွေ video tutorials တွေ libraries တွေ အများအပြား ရေးခဲ့ လုပ်ခဲ့တဲ့ အတွက် လူသိများလာခဲ့ပါတယ်။ Javascript language ကိုလည်း master level ကျွမ်းကျင်သူ တစ်ယောက်ပါ။ ဘာလို့ အဲ့လောက်ကျွမ်းကျင်ရတာလဲ ဆိုပြီး Tutsplus ကမေးထားတဲ့ interview အတိုချုပ်ကိုလည်း ပြောပြချင်ပါတယ်။

  1. Netscape Navigator browser ခေတ်စားတဲ့ အချိန်ကတည်းက Javascript code တွေ ရေးနေခဲ့ပြီး စရေးခါစ က calculators တို့ password generators တို့ရေးခဲ့တယ်။
  2. JavaScript က prototype-based ဖြစ်တာရယ် weakly typed ဖြစ်တာရယ်ကြောင့်ကြိုက်ခဲ့တယ်။
  3. ဝါသနာ အရ ရေးချင်တဲ့ websites တွေ ရေးခဲ့တယ်။
  4. ကိုယ်ပိုင် browser တစ်ခု တည်ဆောက်ဖို့ lightweight rendering engine
    တစ်ခုကိုလည်း ရေးခဲ့တယ်။

Books

စာအုပ် တွေအနေနဲ့ Learning JavaScript Design Patterns နဲ့ Backbone.js Apps နှစ်အုပ် ရေးသားခဲ့ပါတယ်။ Learning JavaScript Design Patterns က အရမ်းနာမည်ကြီးခဲ့ပြီး developer တော်တော်များများရဲ့ respect လည်းရရှိခဲ့သူပါ။ Learning JavaScript Design Patterns ကို လိုက်ဖတ်ပြီး လေ့ကျင့်မယ်ဆိုရင်တော့ ဒီစာအုပ်တွေ အရင်ဖတ်ပါလို့ ပြောထားပါတယ်။

  • JavaScript: The Definitive Guide by David Flanagan
  • Eloquent JavaScript by Marijn Haverbeke
  • JavaScript Patterns by Stoyan Stefanov
  • Writing Maintainable JavaScript by Nicholas Zakas
  • JavaScript: The Good Parts by Douglas Crockford

Advices

Addy ကနေ junior တွေအတွက် အကြံပေးထားတာက

First do it, then do it right, then do it better.

ပထမဆုံး မှန်မှန်မှားမှား လိုက်သာလုပ်ပါတဲ့။ ပြီးမှ မှန်အောင်လုပ်ပါ။ နောက်တစ်ဆင့် ပိုကောင်းအောင်လုပ်ပါတဲ့။

Others

2016 Oct လောက်မှာ နာမည်ကြီးခဲ့တဲ့ How it feels to learn JavaScript in 2016 article ကိုလည်း ဘယ်လို လိုက်လုပ်ပါ ဆိုပြီး advise လုပ်ထားတဲ့ article လည်း ရေးခဲ့ပါတယ်။

https://addyosmani.com/blog/ [blog]
https://medium.com/@addyosmani [medium]
https://github.com/addyosmani [github]
https://twitter.com/addyosmani [twitter]